မေမေ့သမီးလေး: အမေနှင့် အမေ့သမီး အကြောင်း

1/13/08

အမေနှင့် အမေ့သမီး အကြောင်း


ဆူဆဲရေရွတ်
တတွတ်တွတ်နှင့်
စိတ်ညစ်အောင်ပြော
ဆုံးမသော မေမေ..

ကျွန်မမှာဖြင့်
ခံစားကျန်ရစ်
စူးနစ်သည့်မြှား
ကျင်စက်လားသို့
ရင်ခွန်ကြားမှာ
ဝင်ရောက်သည်သာ..

သို့သော်လည်းပဲ
စက္ကန့် မိနစ် နာရီပြောင်းလည်း
မိခင်မေတ္တာ
ပေါ်လာပြန်သဖြင့်
နွမ်းသောရင်လည်း
လန်းဆန်းလာကာ
ပျော်ရသည်မှာ
ဓမ္မတာပါ…မေမေ..

No comments: