မေမေ့သမီးလေး: မိသားစုလေး တစ်ခု အကြောင်း

3/22/08

မိသားစုလေး တစ်ခု အကြောင်း



နန်းက စွန်ကလေး တစ်ခုပါ။
မေမေကတော့ နန်းကို ချည်နှောင်ထားတဲ့ ကြိုးကလေးဖြစ်ပြီးတော့
မေမေနဲ့ ဆက်သွယ်နေတဲ့ ရစ်ဘီးလေးက ဖေဖေ ဖြစ်တာပေါ့။
လောကဓံ လေပြင်တွေ တိုက်လာတဲ့အခါ နန်းလွင့်ထွက်မသွားအောင်
မေမေက မေတ္တာနဲ့  ဖွဲ့ နှောင်ထားတယ်။
ဖေဖေကတော့ တည်ငြိမ်ခြင်းကို ပေးစွမ်းတယ်။
တစ်ခုတော့ရှိတယ်။
ရစ်ဘီးကို ဆုပ်ကိုင်ပြီး နန်းတို့ မိသားစုကို လိုသလို စီမံတာကတော့ ကံကြမ္မာပဲပေါ့။

No comments: