မေမေ့သမီးလေး: သမီးလိမ္မာ
Showing posts with label သမီးလိမ္မာ. Show all posts
Showing posts with label သမီးလိမ္မာ. Show all posts

1/13/08

အမေ့ဂုဏ်ရည်


အမေ
သောကကို ကတုတ် ဒုက္ခကိုတမံ ကြံ့ကြံ့ခံခဲ့ရရှာတဲ့ အမေ။
သားသမီး ဆင်းရဲတော့ကရုဏာ ချမ်းသာတော့ပီတိ မိခင်စိတ် အပြည့်နဲ့ အမေ။
အမေ့အရိပ်ကိုခို ကောင်းသူဆိုလည်း အေးမြ၊ ဆိုးလှသူလည်း ချမ်းမြေ့။
အမေဆိုတဲ့ မြစ်သစ်ပင် မလဲမချင်း အေးလည်းအေ၊ နွေးလည်းနွေး မွှေးလည်းမွှေး။
လောကမှာ အမေဆိုတာ စစ်စစ်ပေါက်ပေါက် ဒီတစ်ယောက်။
ရေမရှိတဲ့ငါးရယ် အမေမရှိတဲ့ သားသမီး အားငယ်မချိ ညှိုးနွမ်းလှပါဘိ။
အမေရှိစဉ် ခင်မင်ကြင်နာ စာနာယုယ ပြုစုကြပါစို့….