မေမေ့သမီးလေး

7/23/09

ရေဗက္က၀င်းရဲ့ အိန်ဂျယ်

6/21/09

ပန်းပွင့်လေးတွေက ပြောတဲ့ ပုံပြင်

ဒီပုံပြင်လေးကတော့ ပတ်ဝန်းကျင် ကမ္ဘာလောကကြီးက ပြောပြတဲ့ ပုံပြင်လေးပါ၊ ပတ်ဝန်ကျင်လောကကြီးဟာ ကျွန်တော်တို့ နေ့စဉ် အချိန်တိုင်းအချိန်တိုင်း သင်ပြပေးနေတာပါ။ ဒါပေမယ့် ကျွန်တော်တို့က မသင်ယူတတ်လို့တော့ အချိန်တွေ နေ့တွေသာ ကုန်သွားပြီး ကျွန်တော်တို့အတွက် ဘာမှ မရလိုက်ဘဲ လေထဲ တိုက်အိမ်ဆောက်သလို ဖြစ်နေကြရတာပါ။ အခု ဒီပုံပြင်လေးက ရိုးရှင်းပြီး တိုတိုလေးပါနော်။ ဒါပေမယ့် အဓိပ္ပါယ်ကတော့ လေးနက်ပါတယ်။

ဘာလဲဆိုတော့ “ပန်းပွင့်လေးတွေက ပြောတဲ့ စကား....”တဲ့

အဖြူရောင် ပန်းတွေဟာ များသောအားဖြင့် မွှေးကြတယ်။ ပန်းတွေဟာ အရောင်အသွေး စုံလေလေ ရနံ့ကင်းမဲ့လေ ဖြစ်တယ်။ လူ့ဘ၀ဟာလည်း ဒီလိုပါပဲ.. ရိုးရိုးရှင်းရှင်းနဲ့ ရိုးသားလေလေ သူ့ရဲ့ စိတ်ဟာ ဖြူစင်လေဖြစ်တယ်။

ပန်းတစ်ပွင့်က ပြောပါတယ်....
ညမွှေးပန်းဟာ ညမှမွှေးတာ မဟုတ်ပါဘူး။ နေ့လည်း မွှေးပါတယ်။ ဒါပေမဲ့ လူအနည်းငယ်ကသာ နေ့အခါမှာ ရှုရှိုက်မိကြတယ်။ ဘာဖြစ်လို့လဲဆိုတော့ နေ့အခါမှာ လူတွေရဲ့ စိတ်ဟာ ပျံ့လွင့်နေလို့ပါ။ တကယ်လို့ လူတွေရဲ့စိတ်ဟာ နေ့အခါမှာလည်း တည်ငြိမ်နေမယ်ဆိုရင် ညမွှေးပန်းဟာ အရမ်းပူပြင်းတဲ့ နေ့ခင်းမှာတောင် မွှေးပါတယ်။

ပန်းတစ်ပွင့်က ပြောပါတယ်....
မနက်စောစောမှာ ကြာပန်းဝယ်ရင် ပွင့်နေတဲ့အပွင့်ကို ၀ယ်ပါ။ နံနက်ခင်းဟာ ကြာပန်းပွင့်တဲ့ အကောင်းဆုံး အချိန်ဖြစ်တယ်။ တကယ်လို့ နံနက်ခင်းမှာ မပွင့်တဲ့ ကြာပန်းက နေ့လယ်၊ ညနေခင်းရောက်တဲ့အထိ မပွင့်နိုင်တော့ပါဘူး။ လူတွေလည်း အဲဒီလိုပါပဲ.. ငယ်ရွယ်စဉ်မှာ ရည်မှန်းချက် မထားတဲ့လူက လူလတ်ပိုင်း၊ လူကြီးပိုင်းရောက်တဲ့အထိ အောင်မြင်မှုဆိုတာ ရှိတော့မှာ မဟုတ်ဘူး။

ပန်းတစ်ပွင့်က ပြောပါတယ်....
ရှားပါးပြီး တန်ဖိုးကြီးတဲ့ ပန်းဟာ ညှိုးနွမ်းလွယ်တယ်။ လူတွေလည်း နုပျိုငယ်ရွယ်တဲ့ အချိန်ဟာ အဖိုးတန် ပန်းလေးတစ်ပွင့်လိုပါပဲ။ ကောင်းကောင်း မပြုစု မပျိုးထောင်ရင် ပျက်စီးလွယ်တယ်။

ပန်းတစ်ပွင့်က ပြောပါတယ်....
နှင်းဆီပန်းတိုင်းမှာ ဆူးပါတယ်။ နှင်းဆီပန်းကို ကြိုက်နှစ်သက်ရင် သူ့ဆူးကို မချိုးပါနဲ့။ ဆူးမစူးမိအောင် ဘယ်လို ကိုင်တွယ်ရမယ်ဆိုတာကိုပဲ သင်ယူပါ။ လူတိုင်းမှာလည်း မာနကိုယ်စီရှိကြတယ်။ သည်းမခံနိုင်တဲ့ စကားတွေနဲ့ သူတစ်ပါးကို ထိခိုက်အောင် မပြောမိပါစေနဲ့။

ဒီပုံပြင်လေးကို ဖတ်ပြီး အသိစိတ်တိုးပွားနှိုင်ကြပါစေ…

ကိုမညာတော့ဘူး သီချင်းလေးပါရှင်


လောကကြီးမှာ လူညာတွေက ပေါတယ်နော်။ သူများ ပြောတိုင်းလည်း မယုံဖို့ လိုတယ်နော်။
လူကြီးတွေပြောသံ ကြားဘူးတာ ကိုယ့်ဒူးကိုယ်တောင် မယုံရဘူးဆိုလားနော်။

တွဲရုံပဲချစ်လား


တခါတလေမှာ သီချင်း သံစဉ်လေးတွေကိုသေချာ နားထောင်ကြည့်ရင် တချို့သီချင်းစာသားလေးတွေက
ဘ၀ကို ပြောင်းလဲစေတယ်နော်။ ဘ၀ရဲ့ ငြီးငွေ့စရာလေးတွေကိုလည်း ခဏတာ ပြေပျောက်စေတယ်နော်...

7/30/08

အိမ်ပြန်ချိန်

အမိမြေမှ ဝေးနေသော သူငယ်ချင်းများ...အမိမြေ အလွမ်းပြေစရာအဖြစ် ခံစားတတ်က ခံစားနိုင်ဖို့.၀ိုင်ဝိုင်းရဲ့ အိမ်ပြန်ချိန် သီချင်းလေးဖြင့် ...

7/27/08

မိုးကပြောတဲ့ ဘာတဲ့

ဘ၀ရဲ့ ပျင်းစရာ ငြီးငွေ့စရာ အချိန်လေးတွေကို ကျမတို့လို လူငယ်တွေက သီချင်းစသည်ကို နားထောင်ပြီး ဖြေဖျောက်ကြတယ်။ ကျော်လွန်အောင် ပြုလုပ်ကြတယ်။ လူငယ်တွေအတွက် တဒင်္ဂ ခဏတာတော့ ပျောက်မယ်ထင်တယ်။

အသိဉာဏ်ရှိပြီး တကယ့်ငြိမ်းအေးရာကိုသိတဲ့ လူကြီးတွေကျတော့ တရားဓမ္မစသည်ဖြင့် ဘ၀ရဲ့ ငြိးငွေ့မှုကို ဖြေဖျောက်ကြတယ်။

Youက ကလေး လူငယ်လား? ကလေး လူကြီးလား? လူကြီး ကလေးလား?

လူကြီးယုံပဲလား? လူကြီးအစစ်လား?

ကလေး လူကြီးဆိုတာက...အရွယ်က ကလေးအရွယ်..အသိဉာဏ်က လူကြီးအသိဉာဏ်မျိုးရှိတဲ့ လူ။

လူကြီး ကလေးက....အသက်အရွယ်က ကြီးနေပြီ..အသိဉာဏ်က ကလေးအသိဉာဏ်မျှရှိတဲ့ လူမျိုး။ (ရှင်းရှင်း ပြောရရင် သူငယ်ပြန်နေသူပေါ့နော်)

လူကြီးယုံပဲဆိုတာကတော့.....လူသာကြီးပြီး ဘာအသိဉာဏ်မှ မရှိတဲ့လူမျိုးလေ။

လူကြီးအစ်ဆိုတာကတော့ဗျာ...စပါးနှံပမာ...စိတ်ဓာတ်စသည် အရာရာပြည့်ဝသူပေါ့ရှင်။

ကိုင်းကိုင်း...ဘယ်လို လူတန်းစားထဲ စာရင်းဝင်ချင်လဲနော်?????

6/19/08

သီလဆင်က လူတိုင်းလှ

မြန်မာဆိုရိုးစကားမှာ တောင်းမှာ အကွပ်၊ လူမှာအ၀တ်ဆိုတဲ့ စကားကြားဘူးမယ်ထင်ပါတယ်။
အဲဒီဆိုရိုးစကားနဲ့ပတ်သက်ပြီး ၀တ်စားဆင်ယင်မှုနဲ့ ဆက်နွယ်ကာ ကျွန်မစဉ်းစားမိတာလေးပါ။
လောကလူသားတွေ ၀တ်ဆင်နေကြတဲ့ အ၀တ်တွေမှာ ယောက်ျားဝတ်၊ မိန်းမ၀တ်လို့ ခွဲခြားမှု ရှိနေပါတယ်။ ယောက်ျားဝတ်ကို ယောက်ျားက ၀တ်စားဆင်ယင်မှ အဆင်ပြေပါတယ်၊ တင့်တယ်ပါတယ်။ မိန်းမ၀တ်ကို မိန်းမက ၀တ်စားဆင်ယင်မှ တင့်တယ်ပါတယ်၊ အဆင်ပြေပါတယ်။ ယောက်ျားတွေရဲ့ အ၀တ်ကို မိန်းမက၀တ်ရင်၊ မိန်းမတွေရဲ့ အ၀တ်ကို ယောက်ျားက၀တ်ရင် အဆင်မပြေ မတင့်တယ်တဲ့အပြင် လူရယ်စရာသာ ဖြစ်လာပါတော့တယ်။
ဒါ့အပြင် လူငယ်၊ လူလတ်၊ လူကြီးဆိုတဲ့ အရွယ်သုံးပါးမှာ ကိုယ့်အရွယ်နှင့်သင့်တော်တဲ့ အ၀တ်များကို ၀တ်စားဆင်ယင်မှသာ အဆင်ပြေကာ တင့်တယ်ပါတယ်၊ အမျိုးသမီးကလေးတွေဝတ်တဲ့ အ၀တ်မျိုးကို ၇၀-အရွယ်၊ ၈၀-အရွယ် အမယ်အိုတွေဝတ်ဆင်ပါက “အမယ်ကြီးနှယ် ဖြစ်မှဖြစ်ရပါပေတယ်၊ သေခါနီးလို့ ရိက္ခာယူလိုဟန်တူတယ်လို့ လူအများကဲ့ရဲ့စရာ ဖြစ်လာတတ်ပါတယ်၊ ကာလသားအ၀တ်မျိုးကို အဖိုးအိုများ ၀တ်ပြန်ရင်လဲ “ဒီအဖိုးကြီးက သူငယ်ပြန်လာဟန်တူတယ်”လို့ လူများကဲ့ရဲ့စရာ ဖြစ်လာပါတယ်။
ဒါပေမယ့်…သီလဆိုတဲ့ အ၀တ်ကတော့ မတော်တဲ့သူရယ်လို့ မရှိပါ၊ မိန်းမက ၀တ်ဆင်ရင်လဲ မိန်းမနှင့်တော်တာပဲ၊ ယောက်ျားက ၀တ်ဆင်ရင်လဲ ယောက်ျားနှင့် တော်တာပဲ၊ အရွယ် ၃-ပါးမှာလဲ မတော်တဲ့အရွယ်ရယ်လို့ မရှိပါ၊ ကလေးက ၀တ်ဆင်ရင်လဲ “ဒီကလေးဟာ ငယ်ငယ်ရွယ်ရွယ်နဲ့ တယ်တော်တာပဲ”လို့ ချီးကျူးစရာ ဖြစ်လာပါတယ်၊ လူလတ်ပိုင်းက ၀တ်ဆင်ရင်လဲ “ဒီလူက တယ်တော်တယ်၊ ပျော်ပျော်ပါးပါးနေရမယ့် အချိန်မျိုးမှာ သီလစောင့်ထိန်းနိုင်ပါပေတယ်”လို့ ဂုဏ်တင်စရာသာ ဖြစ်လာပါတယ်၊ လူကြီးပိုင်း ၀တ်ဆင်ပြန်ရင်လဲ “ဒီလူဟာ အရွယ်နှင့်လိုက်ဖက်အောင် တော်ပါပေတယ်၊ ကောင်းပါပေတယ်”လို့ နှစ်သက်ကြမယ်သာ ဖြစ်ပါတယ်။
ဒါ့ကြောင့် မိမိတို့ရဲ့ ဂုဏ်ရည်တင့်အောင် ဘ၀လည်းလှ လူလည်းလှအောင် အလှပြင်လိုသူတိုင်း သီလ-ဆိုတဲ့ အ၀တ်ကိုပါ ၀တ်ဆင်ထားစေလိုသော ဆန္ဒဖြင့်…

5/13/08

ဗိုလ်ချုပ်လို သတ္တိ

Boc