မေမေ့သမီးလေး: မိုးကပြောတဲ့ ဘာတဲ့

7/27/08

မိုးကပြောတဲ့ ဘာတဲ့

ဘ၀ရဲ့ ပျင်းစရာ ငြီးငွေ့စရာ အချိန်လေးတွေကို ကျမတို့လို လူငယ်တွေက သီချင်းစသည်ကို နားထောင်ပြီး ဖြေဖျောက်ကြတယ်။ ကျော်လွန်အောင် ပြုလုပ်ကြတယ်။ လူငယ်တွေအတွက် တဒင်္ဂ ခဏတာတော့ ပျောက်မယ်ထင်တယ်။

အသိဉာဏ်ရှိပြီး တကယ့်ငြိမ်းအေးရာကိုသိတဲ့ လူကြီးတွေကျတော့ တရားဓမ္မစသည်ဖြင့် ဘ၀ရဲ့ ငြိးငွေ့မှုကို ဖြေဖျောက်ကြတယ်။

Youက ကလေး လူငယ်လား? ကလေး လူကြီးလား? လူကြီး ကလေးလား?

လူကြီးယုံပဲလား? လူကြီးအစစ်လား?

ကလေး လူကြီးဆိုတာက...အရွယ်က ကလေးအရွယ်..အသိဉာဏ်က လူကြီးအသိဉာဏ်မျိုးရှိတဲ့ လူ။

လူကြီး ကလေးက....အသက်အရွယ်က ကြီးနေပြီ..အသိဉာဏ်က ကလေးအသိဉာဏ်မျှရှိတဲ့ လူမျိုး။ (ရှင်းရှင်း ပြောရရင် သူငယ်ပြန်နေသူပေါ့နော်)

လူကြီးယုံပဲဆိုတာကတော့.....လူသာကြီးပြီး ဘာအသိဉာဏ်မှ မရှိတဲ့လူမျိုးလေ။

လူကြီးအစ်ဆိုတာကတော့ဗျာ...စပါးနှံပမာ...စိတ်ဓာတ်စသည် အရာရာပြည့်ဝသူပေါ့ရှင်။

ကိုင်းကိုင်း...ဘယ်လို လူတန်းစားထဲ စာရင်းဝင်ချင်လဲနော်?????

No comments: